Friday, April 26, 2013

ABSDF မြောက်ပိုင်းသမိုင်းနှင့်လူသားဆန်သော မီဒီယာ


by Thinn Thinn Win (Notes) on Tuesday, April 9, 2013 at 9:53pm

ABSDF မြောက်ပိုင်းသမိုင်းနှင့်လူသားဆန်သော မီဒီယာ

လွန်ခဲ့သောအနှစ်(၂၀)ကျော်က မြန်မာပြည်မြောက်ပိုင်း ABSDF ကျောင်းသားစခန်းတခုသို့  ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရောက်လာကြသော နိုင်ငံတကာ သတင်သမားမျာသည် ထိုစခန်းမှ ကျောင်းသားအချင်းချင်းသတ်ဖြတ်ကာ အာဏာရရှိနေသော ခေါင်းဆောင်ဆိုသူများနှင့် တွေ့ ဆုံခဲ့ကြသည်။ထိုသတင်းသမားများသည် မဟာမိတ်ကချင်ဘက်သို့ ဦးစွာရောက်ရှိပြီးမှ ပြသာနာဖြစ်နေသော ကျောင်းသားတပ်မတော်ဘက်သို့  ရောက်ရှိခဲ့ကြသည်ဆို၏။

ထိုဂျာနယ်လစ် တို့ သည် ကျောင်းသားအချင်းချင်းသတ်ဖြတ်ကာ အာဏာယူထားသော ခေါင်းဆောင်ဆိုသူများနှင့် တွေ့ ဆုံပြီး ထိုသူတို့ ၏အစီအစဉ်၊ဖန်တီးထားသောအခင်းအကျင်းပေါ်တွင် ကျောင်းသားအကျဉ်းသမားများနှင့် တွေ့ ခွင့်ရခဲ့ကြလေသည်။
ထိုလူသတ်မှုကြီးကို ကျူးလွန်ခဲ့ကြသော လူတစုက သတ်ဖြတ်ခဲ့သောကျောင်းသားများ နှင့် ကျန်နေသေးသော အကျဉ်းသမားများအား မြန်မာစစ်အစိုးရ၏စစ် ထောက်လှမ်းရေးများဟု မတရားစွတ်စွဲယုံမျှမက ရက်စက်စွာခြိမ်းခြောက်ပြီး ဂျာနယ်လစ်များရှေ့တွင် သူလျှိုများပါဟု ကိုယ်တိုင်ဝန်ခံခိုင်းခဲ့လေသည်။ အကျဉ်ခံကျောင်းသားများသည် မိမိတို့ ရှေ့တွင်ပင် ခေါင်းဖြတ်သတ်ခံထားရသော ကျောင်းသားခေါင်ဆောင်များကို တွေ့ မြင်ကြားသိ ခဲ့ကြပြီး ခြိမ်းခြောက်ခံထားရသဖြင့် သတင်းသမားတို့ ရှေ့တွင် မိမိတို့ သည် စစ်သူလျှိုပါဟု ဝန်ခံခဲ့ကြရလေသည်။
ထိုသတင်းသမားများထဲမှ ဂျပန်သတင်းသမားတဦးသည် ထိုမမှန်ကန်သော သတင်းမှားများကို ယူဆောင်ပြီး သူ့ ၏ကမ္ဘာကျော် ဂျပန်နိုင်ငံရုပ်သံမီဒီယာတခုမှနေ ၍ ဖေါ်ပြခဲ့ကြသည်။ယခု onlineတွင်တွေ့ မြင်နေရသောပုံများသည် သူ့ ၏ဓါတ်ပုံနှင့် ဗီဒီယိုများပင်ဖြစ်၏။ထိုသူ့ ၏သတင်းတွင် မြောက်ပိုင်းကျောင်းသားစခန်း၌ မြန်မာစစ်အစိုးရ၏ စစ်ထောက်လှမ်ရေးသူလျှိုများ ဖမ်းမိခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖဝါရီလ(၁၂)ရက်နေ့ တွင်ကွက်မျက်ခဲ့ကြောင်းနှင့် ကျန်သူလျှိုများရှိနေသေးကြောင်း ဖေါ်ပြထားလေသည်။
ထိုအချိန်က ယခုကဲ့သို့ အင်တာနက်ခေတ်မဟုတ်သဖြင့်၎င်း၊စစ်အစိုးရ၏မီဒီယာအား စာရေးသူအပါအဝင် ပြည်သူလူထုမှအယုံအကြည်မရှိသဖြင့် တနေရာမှတနေရာသို့ သတင်းပျံ့ နှံ့ မှု့နှေးကွေးခက်ခဲနေသောအချိန်လဲဖြစ်ပါသည်။ထိုသို့ဓမ္မစစ်ရဲရဲတောက်ကျောင်းသားများကိုမြန်မာစစ်ထောက်လှမ်ရေးသူလျှိုများဟု
ဖေါ်ပြခဲ့သော သတင်းအမှားကြီးသည် international ဒီမိုကရေစီအရေးများတွင် ပါဝင်ကူညီပေးနေသော အရေးပါသည့်အဖွဲ့ အစည်းများ၊ကမ္ဘာကျော် သူဌေးအလှူရှင်ကြီးများထိပျံနှံ့ခဲံ့သည်။ကျူးလွန်သူတို့ ဖက်မှလည်းInternational donor အလှူရှင်သူဌေးကြီးများယုံကြည်လောက်အောင် လိမ်လီလှည့် ဖျားဖုံးအုပ်ခဲ့သဖြင့် မြန်မာ့ကျောင်းသားတော်လှန်ရေးသမိုင်းတွင် လူယုတ်မာများကိုလူကောင်းထင်ပြီး တကဲ့ ဓမ္မစစ်ရဲရဲတောက်ကျောင်းသားတော်လှန်ရေးသမားများမှာ သူလျှိုအဖြစ်စွတ်စွဲခံရပြီး ကျဆုံးခဲ့ရသည်။ထွက်ပြေးလွတ်မြောက်၍ အသက်ရှင်ကျန်ခဲ့သော ကျောင်းသားများမှာလဲ သံသယ၏ဆိုးကျိုးများကို ဆက်လက်ခံစားခဲ့ရသည်မှာ ယနေ့ အချိန်ထိဖြစ်ပါသည်။
ထို့ အပြင် အလှူရှင်များမှ အဖြစ်မှန်ကို မသိရှိဘဲ ဆက်လက်လှူတန်းခဲ့သော ငွေကြေးအင်အားများဖြင့် တာဝန်ရှိလူသတ်တရားခံတို့ သည် အဖြစ်မှန်ကို စနစ်တကျ ဖုံးကွယ်နိုင်လောက်အောင်ထိဓနအင်အားတောင့်တင်းခဲ့သည်။ အဖွဲအစည်း၏တာဝန်ရှိလူသတ်တရားခံတို့ သည် ကမ္ဘာနှင့်မြန်မာ၏ အရေးပါသောသတင်း မီဒီယာလောကသို့ ပါ ငွေအင်အားဖြင့် ယုတ်ညံ့သော သတင်းသမားများမွေးကာ သတင်းအမှောင်ဖုံးထားခဲ့လေသည်။အမှန်တရားလိုလားသောသတင်းသမားနှင့်လူသားဆန်သော ပြည်သူများမှ ကြိုးစားကြသော်လည်းငွေအင်အားဖြင့် သတင်းကို သေးသိမ်အောင်၊ မှေးမှိန်အောင်၊အသံမထွက်အောင်ဖန်တီးခဲ့ကြသည်။ ဖန်တီးနေကြဆဲဖြစ်သည်။ကမ္ဘာ့နာမည်ကြီးဒီမိုကရေစီရေးအားပေးနေသော အလှူရှင်သူဌေးကြီးပင်လျှင် လူယုတ်မာတို့ ၏လိမ်လည်လှည့် ဖျားမှု့ ကိုမသိခဲ့၍လော ?ယနေ့ချိန်ထိလှူတန်းနေဆဲ
သို့ သော်ထိုသတင်းအမှားကိုရေးသားဖေါ်ပြခဲ့သော ဂျပန်သတင်းသမားကြီးသည် ယခုအသက်အရွယ်အားဖြင့်လည်း အိုမင်းလာချိန်တွင် ထို စဉ်က သူရေးသားခဲ့သော သတင်းအမှားတပုဒ်ကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များကို သိရှိချိန်မှစ၍ ကြီးစွာသော နောင်တတရား ကိုစိတ်မကောင်းစွာခံစားရလေသည်။ ထို့ ကြောင့် မှားယွင်းစွာစွတ်စွဲခံရသောသေဆုံးသူများအပေါ် မှားယွင်းသောသတင်းအား ဖေါ်ပြခဲ့မိသဖြင့်ုမည်ကဲ့သို့ အမှန်တရားဖေါ်ထုတ်ပေးနိုင်မည်နည်း ဟူသောနောင်တဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့လေသည်။အဖြစ်မှန်ကိုပြန်လည်ဖေါ်ပြနိုင်ရန် ထိုစဉ်က ကျောင်းသားတချို့နှင့်၎င်း၊မိသားစုဝင်တချို့နှင့်၎င်းတွေ့ ဆုံ ၍ မှတ်တမ်းတင်ရိုက်ကူးခဲ့လေသည်။
မြန်မာနိုင်ငံတွင်းသို့ လာရောက်ဆက်သွယ်စဉ်က စွတ်စွဲခံကျောင်သားတဦးကို "သူ့အားခွင့်လွှတ်သလား" ဟူသောမေးခွန်းကိုအကြိမ်ကြိမ် မေးမြန်းပြီး တောင်းပန်စကားဆိုခဲ့သည်။
ထို့ ကြောင့်နိဂုံးချူပ်အားဖြင့် ပြောလိုသည်မှာ သတင်းသမားတဦး၏ သတင်းမှားတပုဒ်ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများသည် ရေးသားသူ၏နောင်တတရားတင်မက အသက်ပေးဆပ်ခဲ့ရသောသူများ၏သမိုင်း ၊ကျန်ရစ်သူမိသားစုတို့၏စိတ်ဒဏ်ရာများ၊ကြေကွဲစရာဘဝများနှင့် အသက်ရှင်သော်လည်း သံသယအကျိုးဆက်ဖြင့် ဘဝနလံမထူနိုင်သူများသည် ယနေ့ ထိခံစားနေကြရဆဲပင် ။မထွေးနိုင်မအံနိုင် ရင်နာစွာခံစားပြီး လောကကြီးမှထွက်ခွါသွားကြသူများလဲ ရှိခဲ့ကြပေပြီ။
အထက်ပါအဖြစ်အပျက်ကို သင်ခန်းစာယူ၍ မှန်ကန်စွာ ရပ်တည်လိုသော သတင်းသမားကောင်းတယောက်သည် သတင်းယူစဉ်တွင် မည်သည့် အချက်ကိုသတိထားသင့်သည်၊မည်သို့ ရပ်တည်သင့်သည်ကို ဖေါ်ပြလိုခြင်းဖြစ်ပါသည်။
သတင်းသမားတဦးသည် သတင်းသမားကျင့်ဝတ်များမည်သို့ ရှိသည်ဆိုစေကာမူ လူသားဆန်မူ့ လူပီသမူ့ က ပို၍ အရေးကြီးပေသည်။အထူးသဖြင့်ယခုကဲ့သို့ ရာဇဝတ် ပြစ်မူ့ များတွင် မှန်ကန်သောအမြင်၊ကိုယ်ခြင်းစာတရား တို့ လက်ကိုင်ထားပြီး ရေးသားမှသာ တရားမျှတသော သတင်းသမားတယောက်ဖြစ်ပေလိမ့်မည်။
တာဝန်မဲ့လူသတ်သမားတယောက်၏ လိမ်လှီလှည့် ဖျားသော မုသာဝါဒစကားများကား သတင်းမဟုတ်၊အဓမ္မသမားတယောက်၏ အရူးချီးပန်း တန်ဖိုးမဲ့စကားများဖြစ်ပေသည်။ထို တန်ဖိုးမဲ့စကားများကိုရေးသားဖေါ်ပြနေခြင်းသည် အဆိပ်ပင်ရေလောင်းနေသလိုပင်။မိမိအကျိုးစီးပွါးအတွက်သော်၎င်း၊ထင်ပေါ်ကျော်ကြားမူ့ အတွက်သော်၎င်း ဆက်လက်ဖေါ်ပြရေးသားမည်ဆိုလျှင်လည်း ရေးသားသူ၏ ဂုဏ်သိက္ခာမဲ့သမိုင်းသာဖြစ်ပေလိမ့်မည်။
မှတ်ချက်။ ။ထိုစဉ်ကမြန်မာ့ဒီမိုကရေစီအရေး ကိုမျက်ခြည်မပြတ်စိတ်ဝင်စားစွာရေးသားခဲ့သူ Bertil lintner နှင့်တချို့ မီဒီယာများသည် မှန်ကန်သောဘက်မှ သူတင်းသမားကောင်းပီသစွာ ရပ်တည်ရေးသားခဲ့ကြသည်။ Bertil lintner သည် ABSDF(NB) နှင့်ပတ်သက်၍ Far Eastern Economic Review တွင် loss of Innocenceဆိုသောခေါင်းစဉ်ဖြင့် ကျဆုံးသောသူများဘက်မှ ရဲရဲ ဝံ့ဝံ့ ရေးသားပေးခဲ့၍ ခံစားရသူများဘက်မှ နှစ်သိမ့်မူ့ တခုအဖြစ် သမိုင်းမှတ်ကျောက်တင်ထားပါကြောင်း

By ThinnThinn win 9 April 2013
24Unlike ·  · 
  • Shwe Sin Thet မြောက်ပိုင်းသမိုင်းဖေါ်ထုတ်ရေးသားကြရာမှာလည်း မိမိတို့ကိုယ်တိုင်တွေ့မြင် သိရှိကြားသိရသည်များကိုသာထုတ်ဖေါ်ရေးသားစေလိုပါတယ်။အမှားအယွင်းများ...ဖေါ်ပြခြင်း မိမိအမြင်အယူအဆများကိုသာလိုင်းတင်ရေးသားခြင်း တို့ကြောင့်တစ်ဘ၀စာနစ်နာဆုံးရှုံးသွားရမယ့်သူများရှိလာခဲ့ပါကေ...See More
  • Thinn Thinn Win တဘဝ တင်မက ရခဲလှသော လူ့ဘဝ သံသယာ အတွက်ပါနှစ်နာ ဆုံးရှုံးသွားခဲ့သူများအတွက်ရေးသားနေရခြင်းဖြစ်ပါတယ်
    April 10 at 7:08am via mobile · Like · 2
  • Aye Thuဂျပန်သတင်းထောက်ကသာခွင့်လွှတ်ပါတောင်းပန်နေတာ။လူသတ်ကောင်တွေနဲ့လူသတ်ကောင်တွေကိုထောက်ခံပေးတဲ့လူတွေကမတရားခံရတဲ့လူတွေ ကိုထောက်လှမ်းရေး လို့အရှက်မရှိစွပ်စွဲချင်တုန်း
  • No comments:

    Post a Comment