Friday, April 26, 2013

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးစဉ်(၁၀)


by May Thingyan Hein (Notes) on Monday, April 8, 2013 at 7:56am

မေသင်္ကြန်ဟိန်(မြစ်မခ)

အပိုင်း(၁၀)

ဧပြီလ ၈၊ ၂၀၁၃၊ ရန်ကုန်မြို့။

 (ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ကျမရဲ့ အမြင်နဲ့ ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ဒေါက်တာနိုင်အောင်ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)


ဒီလို မြောက်ပိုင်းမှာကျောင်းသားတွေကို ဒီလောက်အများကြီး ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးပြီး သတ်ပစ်တာတွေနဲ့ပတ်သက်ပြီးဖြစ်ခဲ့တာတွေကလည်း ဖြစ်ပြီးသွားပြီ၊ ဘယ်လိုမှလည်း တားဆီးလို့မရလိုက်ဘူး။နောက်မဖြစ်ရအောင်ပဲ ကာကွယ်တားဆီးလို့ရနိုင်မယ်ပေါ့လေ။


ဒီကိစ္စတွေမှာလည်း သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ ဘက်ပြဿနာတွေလည်း ရှိပါတယ်။မရှိဘူးလို့လည်း ကျနော်တို့မပြောနိုင်ဘူးလေ။နောက် စခန်းထဲက သတင်းတွေရနိုင်တယ်ဆိုတာကလည်း အားလုံး ဆီကနေရနိုင်တာပဲ စာပို့တဲ့ အဆက်အသွယ်တွေ ဆီကလည်း ရနိုင်တာပဲ ကျောင်းသားတွေမှမဟုတ်ပါဘူး၊ ရနိုင်ပါတယ်။ နောက် စခန်းထဲကို အ၀င်အထွက်ရှိတဲ့ သူတွေအားလုံး ဆီကလည်းရနိုင်ပါတယ်။ သတင်းဆိုတာကတော့ ဘယ်သူ့ဆီကမဆို ရနိုင်တာပဲလေ။
အခု ပြဿနာဖြစ်တာက ထောက်လှမ်းရေးဟုတ်ခြင်းမဟုတ်ခြင်းထက် ကျောင်းသားတွေကို သတ်ပစ်လိုက်တဲ့ ကိုင်တွယ်ပုံမှားတယ်၊ဖြေရှင်းပုံ မှားတယ်။ နောက်ကျနော်ပြောချင်တာက ဒီလောကရဲ့ သဘောသဘာဝအရ အပြန်အလှန်သတင်းထောက်ကြတာပဲဒါက သဘာဝပဲ။


နောက် ကျနော်တို့တောင်ပိုင်းမှ မမီမီခိုင်ကို ဖမ်းဆီးပြီး မုဒိန်းဝိုင်းကျင့်တယ်ဆိုတဲ့ကိစ္စကလည်း အဲဒါ မဟုတ်ပါဘူး။ စစ်ကြောရေးနဲ့မဆိုင်တဲ့ဆေးမှုးတွေပုံမှန်စစ်ဆေးပေးပါတယ်။ အခြားအပြင်လူတွေလဲ တွေ့နေတာရှိတော့ တကယ်လို့အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်အဲဒီတည်းက သိမှာပေါ့။ အဲဒီလိုလုပ်ခဲ့တယ်ဆိုရင်လည်း လုပ်ခဲ့တဲ့လူတွေကို ပြင်းပြင်းထန်ထန်အရေးယူမှာပေါ့။ ကျွှန်တော်တို့ အဖွဲ့အစည်းမှာ အဲဒီလို မတရားလုပ်တာလက်မခံပါဘူး။ နောက်ပိုင်းNLD ကို ကျွှန်တော်တို့ ပြန်အပ်ပေးခဲ့တာဘဲ။ အဲဒီမှာလည်း အဲဒီလိုဖြစ်ရင် တိုင်လို့ရတာဘဲလေ။


အဲဒါကြောင့်ကျနော်လည်းပြောပါတယ် ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ ဖြစ်စေ ဒါက လူ့အခွင့်ရေးချိုးဖောက်မှုပါပဲ။ဒါက ကျနော်တို့ ABSDF အဖွဲ့ရဲ့ အမဲစက်ကြီး ဖြစ်ခဲ့တာပဲ၊အဲလိုဖြစ်ခဲ့လို့ ABSDF အဖွဲ့မှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအားလုံးကိုလည်းထိခိုက်ပါတယ်။

မှားခဲ့လား မှားခဲ့တယ်နစ်နားလား နစ်နာတယ်၊ တောင်းပန်ရမလား ။ တောင်းပန်ပါမယ်ပေါ့။ ဒါပါပဲ။
ကျနော်တို့က ABSDF ကိုပြောပါတယ်။ ABSDFက ဘယ်လောက်ပဲ မျှမျှတတဖြစ်အောင်လုပ်တယ် ထားဦးတော့ ABSDF ကလူတွေပဲလုပ်တယ်ဆိုတော့ အမြင်ကတော့ စောင်းနိုင်တယ်၊ အမြင်မကြည်နိုင်ဘူး။


ဖြစ်နိုင်ရင်တော့လွတ်လပ်တဲ့ ဟာမျိုးဖြစ်အောင် လုပ်တာ ကောင်းတယ်။ဒါကတော့ အဖြစ်မှန်ဖော်ထုတ်ရေးပေါ့။အဖြစ်မှန်ပေါ်လာပြီးရင်ရော ဘာလုပ်မှာလဲ။


အဖြစ်မှန်ပေါ်လာပြီးရင်တာဝန်ရှိတဲ့ သူတွေကို အရေးယူမှာလား။ ပြဿနာက ဘာလဲဆိုတော့ အဲဒီအချိန်တုန်းက ABSDFမှာ တရားစီရင်ရေး ဥပဒေဆိုတာ မရှိဘူး။ အဲဒါကြောင့် စခန်းမှာ ရှိတဲ့ဥပဒေနဲ့ဆုံးဖြတ်တယ်ဆိုရင် အဖြစ်အပျက် မှန်တာ မှန်တာ အပထား သူတို့ကို သေဒဏ်ပေးမယ်ဆိုရင်ပေးလို့ရတယ်။


ကျနော်တို့ ABSDF မှာကာလတစ်ခုထိ ရှေ့တန်းမှာ ထွက်ပြေးရင် သေဒဏ်ပေးလို့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့မဟာမိတ်တပ်တွေကြားထဲမှာ လူတယောက်ရဲ့ အသက်ကို ဆုံးဖြတ်ပေးပိုင်ခွင့်ရှိတယ်။


နောက်ပိုင်းမှာ ကျနော်ကအဲဒါကြောင့် လူ့အခွင့်ရေးကိစ္စတွေကို လုပ်လာတာ၊ အကြမ်းဖက်တဲ့ ကိစ္စတွေကိုလုပ်လာရင်းနဲ့ ဒီအကြမ်းဖက်တဲ့ လုပ်ရပ်တွေထဲမှာဘယ်တော့မှ မဆုံးတဲ့ကိစ္စဖြစ်တယ်။


နောက် ဒီလိုမြောက်ပိုင်းကိစ္စကလည်းဗျာ သူတို့မြောက်ပိုင်းမှာ သူတို့ ဆုံးဖြတ်ထားတဲ့ကိစ္စကိုကျနော်က ဘယ်လိုမှ မတတ်နိုင်တဲ့ကိစ္စပါ။ အကြံပေးတာလောက်ပဲ လုပ်လို့ရပါတယ်။


ဖြစ်နိုင်ရငတော့ဗျာကျနော်တခါတုန်းက ပြောခဲ့သလိုပဲ အဲဒီတုန်းက တာဝန်ယူခဲ့တဲ့ ထောက်လှမ်းရေးတွေလည်းသူတို့ဘက်က ကူညီပြီးတော့ နည်နည်းစဉ်းစားပေးနိုင်ရင် တော်တော်များများအမြင်ရှင်းသွားနိုင်တယ်။ ဥပမာဗျာ ထောက်လှမ်းရေးက မဟုတ်ပါဘူး ဗျာ ဒါ ကျနော်တို့လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင်လည်း ဒီဘက်က အမြင်တွေ ရှင်းသွားတာပေါ့ဗျာ။


ပြောချင်တာကဗျာ တဘက်ကစွတ်စွဲချင် စွတ်စွဲမယ်၊ မဟုတ်ဘူးဆိုရင်လည်း ABSDF ရဲ့ သဘောကလည်း ဒါကအဖြစ်မှန်တခုတော့ ရှိရမယ်။ ဘယ်သူ မှန်လဲ မှားလဲ ဆိုတာလည်း ရှိရမယ် ဒါက ABSDF ရဲ့အပိုင်းပေါ့။


ကျနော့်အနေနဲ့လည်း ABSDFမဟုတ်ဘဲနဲ့၊ ဒီသံသယတွေကို ကျော်ပြီးတော့ သိချင်တဲ့ အပိုင်းကတော့ ကျနော့်အနေနဲ့ဒီကိစ္စတွေကို ပြီးလိုက်ချင်ပြီ။ ပြီးလိုက်ချင်တဲ့ အပိုင်းကတော့ ABSDFမှာဒီလိုကိစ္စတွေကို သင်ခန်းစာယူလိုက်ပါ၊ နစ်နာတဲ့ မိသားစုတွေနဲ့ ကျန်နေတဲ့ သူတွေကိုတောင်းပန်လိုက်ပါ။


နောက်တကယ် သေသွားရတဲ့သူတွေနဲ့ သေတာကို အဆုံးဖြတ်ပေးရတဲ့ သူတွေရဲ့ ပြဿနာက တဖက်က ခေါင်းခဲရတာပဲ၊သေသွားတဲ့ သူတွေကို ပြန်ရှင်လာအောင်တော့ လုပ်လို့မရဘူး။
ဒါကို မြောက်ပိုင်းက လူတွေကတာဝန်ခံပြီး တောင်းပန်တဲ့ ကိစ္စမျိုးလုပ်လိုက်မလား။ အဲဒီကိစ္စအပေါ်မှာပဲသူတို့ကိုဥပဒေကြောင်းအရ အရေးယူမှု ပုံဆန်မျိုးတွေ လုပ်လိုက်မလား။  ဆိုတာလည်း ကျနော်လည်း ဥပဒေကြောင်းအရသိတ်မကျွမ်းကျင်ဘူး။


ဒါကိုသင်ခန်းစာယူပြီးတော့ တောင်းပန်တတ်တာမျိုး၊ ခွင့်လွှတ်တတ်တာမျိုး လုပ်ရင်တော့ကောင်းမယ်လို့ ထင်တာပဲ။
နောက် သူတို့ကိုတပ်ဖွဲ့ဝင်အဖြစ်နဲ့ အသိအမှတ်ပြုပေးပါဆိုတဲ့ကိစ္စကိုလည်း ကျနော်က မေးကြည့်တော့ABSDFက သူတို့ကို တပ်ဖွဲ့ကနေ တခါမှ မထုတ်သေးဘူးလို့ သိရတယ်။

နောက် ဒီကိစ္စမှာဗျာစုံစမ်း စစ်ဆေးကြလို့ ဟာ ကိုနိုင်အောင်လည်း တာဝန်ရှိပါတယ်လို့ ပြောရင်လည်းကျနော်တာဝန်ရှိတယ်ဆိုရင် ကျနော် ခံရမှာပဲ ဒါကတော့ ရှင်းပါတယ်။ ဒါပေမဲ့ ကျနော့်မှာအပြစ်မရှိဘူးလို့ ကျနော်ပြောတာက ဒါက ကျနော်တို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်ကိုယ်တိုင်လည်း အရေးယူတာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်က ကိုယ့်ကိုယ်ကိုယ်လည်းလိပ်ပြာသန့်တယ်လို့ ပြောတာပါ။


မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။


6Unlike ·  · 
  • You and 5 others like this.
  • Aye Thu တကယ်ရောလိပ်ပြာသန့်ရဲ့လား
  • Thant Zin Naing ကျေးဇူးပြု ပြီး မြန်မာနိုင်ငံနှင့်  ခပ်ဝေးဝေးနေပေးပါ...bro တို့ လည်းသိလောက်ပါပြီ
  • Kyawzwar Winmg We need confession.
  • Kyawzwar Winmg Not DOUBLE-CROSS.
  • Star Emerald At that time you can stop it. But you did not made it.You don't want to make it, because you wanted MUCH AS POSSIBLE votes from ABSDF(NB).God damn you.
  • Ko Kyaw Tun ရှေတန်းမှာထွက်ပြေးရင်သေဒဏ်ပေးလို့ရတယ်။လူအသက်တစ်ချောင်းကိုလွယ်
    လွယ်စီရင်ခွင့်ရှိတယ်ဆိုကထဲကတော်တော်မိုက်ရိုင်းနေပြီလေ။ကျောင်းသားတစ်ယောက်ထွက်ပြေးရင်
    ဘာကြောင့်ထွက်ပြေးလည်းမမေးတော့
    ဘဲသတ်ပြစ်တာ မင်းတို့မှန်တယ်ထင်လား။မင်းတို့ကျင့်သုံး
    တဲ့စနစ်ဟာ နဝတ ထက်မသာတောင်မလျောပါဘူးနိုင်အောင် ရာ။ကိုပေါင်ကိုယ်လှန်ထောင်းရတာရှက်စရာကောင်းတယ်။
    Like · Reply · 1 · April 11 at 1:21am via mobile

No comments:

Post a Comment