Friday, April 26, 2013

မပပြန်ရဲဘော်ဟောင်းများ ကူညီနေသော အမှုအခင်းတခု...။


  • ကသာခရိုင်အင်းရွာလမ်းခွဲတွင်ယခင်နှစ်ကမုဒိန်းမှုဖြင့် တရားခံဟုစွပ်စွဲခံထားရသူဦးမြဒေါင်းအမှုဖြစ်ပွားခဲ့ ရာနေရာဝန်းကျင်တွင်ဒုတိယအကြိမ်မုဒိန်းမှုထပ်မံဖြစ်ပွားခဲ့ သည်။ဖြစ်စဉ်မှာ၂၃.၂.၁၃ရက်နေ့ လည်ခန့် က အင်းရွာလမ်းခွဲတွင်ကျောင်းမှပြန်လာသော၁၃နှစ်အရွယ်ကျောင်းသူတစ်ဦးအားအမျိုးသား၂ဦးမှကိုပေါက်စီ၏ကြံခင်းထဲတွင်မုဒိန်းကျင့် ခဲ့ ကြသည်။မိန်းကလေးမျပြန်လည်ခုခံခဲ့ ရာတစ်ဦးမှာလက်သန်းပြတ်သွားပြီးတစ်ဦးမှာခဲနှင့် ထုခံရပြီးခေါင်းကွဲသွားခဲ့ သည်။အခင်းဖြစ်နေစဉ်ဆိုင်ကယ်သံကြားသဖြင့် တရားခံများထွက်ပြေးသွားခဲ့ ပြီးနောက်ရက်၂၄ရက်နေ့တွင်တရားခံဟုယူဆရသူနှစ်ဦးကိုထီးချိုင့် ရဲစခန်းမှဖမ်းမိခဲ့ သည်။တရားခံဟုယူဆရသူနှစ်ဦးမှာရဲဇော်ဦး၊သောင်းမြင့် ဇော်ဖြစ်ပြီးအသက်၂၀နှစ်ဝန်းကျင်ဖြစ်ပြီးအလယ်တော ထီးချိုင့် မှာနေတယ်လို့ သိရပါတယ်။၎င်း၂ဦးမှာဦးကျော်ဆန်း+ဒေါ်စိန်မြ ကြံခင်းမှာအလုပ်လုပ်နေကြသူများဖြစ်ပါတယ်။ကျုးလွန်ခံခဲ့ ရသူမိန်းကလေးမှာနှာခေါင်းမှာသွေးများထွက်နေပြီးယခုအချိန်တွင်ဆေးရုံတွင်ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်
    1 · Unfollow Post · 

No comments:

Post a Comment