Thursday, January 31, 2013

ဆိုက္ကားဂိတ်မှာ မထိုင်ပါနဲ့




by Aung Moe Win on Thursday, January 31, 2013 at 10:17pm ·
မြောက်ပိုင်းဒေသ အရိုးတွန်သံများ ရဲ့ အဆင့် (၃) မှာ ကျနော်ပြောခဲ့သလိုပါပဲ တူရာစုကြလိမ့်မယ် လို့။ အမှန်တရားကို လိုလားသူ၊ ပေါ်ပြူလာလုပ်ချင်သူ၊ မိတ်ဆွေတန်ဘိုးကို နားမလည်သူ၊ တောကျီးကန်းတွေလို ဆူညံနေသူ--စသည့်ဖြင့်ပေါ့။ အပိုင်း(က) ဒီ လူသတ်မှုကြီးကို ရေးတဲ့အခါ၊ System Dynamics တခုလိုတည်ဆောက်ထားတယ် လို့ ပြောခဲ့ပါတယ်။ အင်ဂျင်နီယာတိုင်းသိတဲ့ဝေါဟာရပါ။ System တခုကို အခိုင်အမာတည်ဆောက် ထားပြီးပြီ ဆိုရင် ဘယ်သူ့မှ ထွက်လို့မရပါဘူး။အချိန်တန်တော့ လည်ပတ်နေတဲ့အရှိန်အတိုင်း လိုက်လည်ရမယ်။ ခရီးတခုကို ရောက်သွားလိမ့်မယ်။ ဘာကိုမှ ပူနေစရာမလိုပါဘူး၊ တရားမျှတမှု နဲ့ အမှန်တရားဆီကို ရောက်သွားပါလိမ့်မယ်။ ခုတောင် တောကျီးကန်းတချို့ ဝန်ခံကုန်ကြပြီမို့လား။ မြောက်ပိုင်းအရိုးတွန်သံများကို စရေးတုံးက ဒီအချက်တွေဟာ ဖြစ်နိုင်ပါ့မလား။ အစိုးရသတင်းစာထဲက အချက်အလက်တွေမို့လား ဆိုပြီး ဂဏာမငြိမ်အော်ဟစ်နေတဲ့အုပ်စုတွေ၊ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်၊ လက်ဖြတ်၊ လက်ဝါးကပ်တိုင်မှာ ရိုက်-- သတ်တာတွေ ကို မငြင်းကြတော့ပါလား။ ခုတော့-- ဒီကျောင်းသားတွေဟာ ကျောင်းသား အစစ်တွေပါလို့ ဝန်ခံပြောကြရတဲ့ အဆင့်ကို ရောက်ခဲ့ကြရပြီ။ ကာယကံရှင်တွေ ရဲ့ မိသားစုတွေ ဓါတ်ပုံအောက်မှာ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည် ဆိုတာတွေ ရေးကြရပြီ။ မရေးလို့လည်း မရတော့ဘူး။ ပြည်တွင်းမှာက ဒီလို အောက်တန်းကျကျ ရက်စက်ယုတ်မာမှုကြီးကို လက်မှမခံနိုင်ကြတာ။ ဒါပေမဲ့ ထုံးစံအတိုင်း၊ တောကျီးကန်း နဲ့ တစ်တီတူး ဆိုတာ တည်တည်ငြိမ်ငြိမ်၊ စံနစ်တကျ ရေးတတ်တာမှမဟုတ်တာ။ သူတို့လုပ်မှပဲ နန်းအောင်ထွေးကြည်က အင်မတန်တော်၊ အင်မတန်ထက်နေတဲ့ အမျိုးသမီးတယောက်ဖြစ်နေပြန်တယ်။ဂျိန်းစဘွန်းရုပ်ရှင်ကို မိန်းမတယောက်က ဦးဆောင်ရိုက်နေသလိုမျိုးဖြစ်နေပြန်တယ်။ နန်းအောင်ထွေးကြည်က သူတို့ပြောသလို တော်လို့လား။ ကျနော်ကတော့ မထင်ပါ။ မြောက်ပိုင်းဒေသမှာ ချာတူးလံချင်း ဘယ်သူက ပိုပြီး ညံ့ခဲ့တယ် ဆိုတာ ပြနေကြတယ် လို့ပဲ မြင်ပါတယ်။ အပိုင်း(ခ) နန်းအောင်ထွေးကြည်အပါအဝင်၊ မြောက်ပိုင်းရဲဘော်တွေ ကြုံတွေ့ခဲ့ရတာကို ကာယကံရှင်တွေရေးကြဖို့ ဒီ အဆင့်မှာ လွှတ်ပေးထားခဲ့ပါတယ်။ နှစ်ဘက်အုပ်စုအမြင်တွေရေးကြပေါ့။၊ ကိုယ့်ကိစ္စမှ မဟုတ်တာ။ အမှားလုပ်ခဲ့သူတွေရှင်းကြပေါ့။ တရားမျှတတဲ့ ပွဲဖြစ်စေရပါမယ် လို့ ပြောထားခဲ့တယ်။ ဒါပေမဲ့ ခင်ရွှေလှိုင်ခင်ဗျာ ထုံးစံအတိုင်း စာကောင်းကောင်းမရေးတတ်ဘူး။( မြန်မာစာဖြေရင်တော့ ကျမှာ အသေအချာပဲ) အချက်အလက်တွေက ရှေ့နောက်မညီ၊ တောင်ရောက်မြောက်ရောက် နဲ့။ အရေးထဲ သူက ကိုယ့်နာမည်ကို တ တ နေရှာတယ်။ ကိုယ့်နာမည်ကို တ နေတော့လည်း မေတ္တာထားသောအားဖြင့် ရေးရတော့မှာပေါ့။ (၁) နေ့သစ်မှာ တင်တဲ့ မဒမ်သံခဲရဲ့ အရင်ဆောင်းပါးတွေမှာတော့- မြောက်ပိုင်းမှာ ကျောင်းသားတွေခုလိုသတ်ခံရတာမဟုတ်ပါဘူး။ ပခုံးလေးပေါ်က အဝတ်လေးတွေကို လျောချပြီးမှ သတ်တာဆို။ အခုဆောင်းပါးတွေကျတော့---ခုလိုနှိပ်စက်သတ်ဖြတ်တာတွေကို၊ နန်းအောင်ထွေးကြည်၊ ကိုအောင်မိုးဝင်း၊ ကိုညီညီကျော်တို့ ရေးမှ သိရပါတယ်တဲ့။ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင်တော့ မကောင်းဘူးပေါ့ တဲ့။ ဖြစ်ရပြန်ပြီ။ အရူးလင်လုပ်ရသလိုမျိုးပါလို့ (၂) တယောက်ချင်းစီ ဘယ်လိုသတ်ခံရတယ် ဆိုတာ ကိုကျော်ခိုင်ရဲ့ အစီရင်ခံစာမှာပါတာပါ။ နန်းအောင်ထွေးကြည် ရဲ့ အာဘော်တွေချည်းပဲလို့ ပြောရလောက်အောင် - အရိုးတွန်သံများရေးတဲ့အခါ အစီရင်ခံစာတွေကို မူရင်းလက်ရေးတွေ၊ ဆက်သွယ်ရန် ဖုံးနံပါတ်တွေ နဲ့ ညွှန်းထားခဲ့ပါတယ်။ မဒမ်သံခဲ တယောက် စာဖတ်တတ်အောင် လေ့ကျင့်စေချင်ပါတယ်။    (၃) ဟုတ်ပြီ။ နန်းအောင်ထွေးကြည်ရဲ့ ရေလှိုင်းစစ်ဆင်ရေးကြောင့်၊ တနွယ်ငင်တစင်ပါဖြစ်ခဲ့ရတယ်။
ကျောင်းသားတွေဖမ်းခံရတယ် ဆိုတော့--  မသိလို့မေးပါရစေအုံး။
ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေကလည်း တော့တော့ကို ဥနှောက်နည်းပြီး စောက်ရူးထတဲ့
ကောင်တွေပါလား လို့ စဉ်းစားမိတော့မယ်။ မိန်းကလေးတယောက်က ပြောသမျှ လိုက်ဖမ်း၊ ညှင်းပမ်းနှိပ်စက်၊ ခေါင်းဖြတ်၊ ခြေဖြတ် လုပ်ခဲ့တယ် ဆိုတော့--- မိန်းကလေးတယောက်ရဲ့ စကားလုံးတွေ၊ လိမ်ညာမှုတွေ ၊ ဇာတ်လမ်းဆင်မှုတွေ အောက်မှာ ပြားပြားမှောက်ခဲ့တဲ့ ကောင်တွေ-- ဘယ်လိုလုပ် စစ်အစိုးကို တော်လှန်ကြမှာလဲ။ ဒီလောက် စဉ်းစားဥာဏ်မရှိတဲ့ကောင်တွေ၊ စောစောစီးစီးအဖွဲ့ဖျက်ပစ်လိုက်တာကမှ ဇာတ်သိမ်းကောင်းအုံးမယ်။နန်းအောင်ထွေးကြည်က တော်တာလား။ မြောက်ပိုင်းကျောင်းသားခေါင်းဆောင်တွေက ချာတူးလန်တာလား။ကဲ- ခင်ရွှေလှိုင်ရေ- မစဉ်းစားတတ်ရင် ပရိုတိန်းသာ များများစားပေတော့။ ကျောက်ဆည် ငရုပ်ချည်း အဟုတ်မှတ်မနေနဲ့အုံး။ (၄) ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ဘာလို့ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်တာလဲ။   ပင်လုံစာချုပ် ချုပ်ခဲ့တဲ့အထဲမှာ အဲ့ဒီကျောင်းသားတွေ ရဲ့ မိဘတွေ ပါနေလို့လား။   ဒါမှမဟုတ် ဒီဇာတ်လမ်းကို ဖန်တီးခဲ့ပါတယ် ဆိုတဲ့သူတွေက သတ်ခိုင်းတာလား။
အမိန့်ပေးသူက သံချောင်းလား၊ မျိုးဝင်းလား။ နန်းအောင်ထွေးကြည်လား၊ နောက်ကွယ်က ကေအိုင်အေ လား။ (၅) ရော်နယ်အောင်နိုင် နဲ့ ကိုထွန်းအောင်ကျော်က ညီအကိုလိုချစ်ကြတာ ဆို၊ ဘာလို့ ရော်နယ်အောင်နိုင် က နန်းအောင်ထွေးကြည် ရဲ့ ရေလှိုင်းစစ်ဆင်ရေးဇာတ်လမ်းကြီးကို ယုံသွားပြီး၊ ကိုထွန်းအောင်ကျော်ကို " ဥက္ကဋ္ဌ ၊ ဝန်ခံလိုက်ပါ " ဆိုတဲ့၊ မေးခွန်းတွေ မေးခဲ့ရတာလဲ။ ( စစ်ကြောရေးခွေ ကို ပြန်ကြည့်လိုက်ပါအုံး၊ ကြည့်ရော ကြည့်ဘူးရဲ့လား မဒမ်သံခဲရယ်၊ မကြည့်ဘူးရင် ခုလို မီဒီယာခေတ်မှာ အားလုံးကြည့်လို့ရအောင် အွန်လိုင်းပေါ်တင်ပေးလိုက်ပါ လို့ အစကတည်းက ပြောခဲ့ပါတယ်။ ဒါမှ ဘယ်ဟာအမှန်လဲ၊ ဘယ်ဟာ ဟာသ လဲ ကြည့်ရအောင်လို့ပါ)ရော်နယ်အောင်နိုင်က နောက်ဆုံးအချိန်အထိ၊ ကိုထွန်းအောင်ကျော် တို့ဟာ ထောက်လှမ်းရေးဖြစ်ကြောင်း အင်တာဗျူးတွေမှာ ပြောခဲ့တာမို့လား။ (၆) ကိုညီညီကျော်၊ ကိုရဲလင်း၊ ကိုစိုးလင်း အပါအဝင်၊ လူတွေအားလုံး ဆုံရှင်းကြမဲ့အချိန်ကို စောင့်နေပါတယ် ဆိုတော့ စာလေးလည်းဖတ်၊ သတင်းလေးလည်း နားထောင်ပါအုံး လို့ တိုက်တွန်းပါရစေ တစ်တီတူးရေ။ မြောက်ပိုင်းပြန်တွေက သူတို့ကိုထောက်လှမ်ရေးလို့ စွပ်စွဲထားတဲ့ကိစ္စကိုရှင်းပေးဖို့ အတွက် ပြည်တွင်းထဲကနေ တရားဝင်တောင်းဆိုထားတာ မဖတ်မိဘူးလား။ဒီလောက်မီဒီယာမှာ ဟိုးလေးတကျော်ပါနေတဲ့ကိစ္စ။ သတ္တိရှိရှိ ဆုံမရှင်းရဲတာက မြောက်ပိုင်းကျောင်းသားခေါင်းဆောင်တွေလေ။ . (၇) " တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ ....." တဲ့ ကဲ-- ကျနော်တို့မှာ ရှိတဲ့စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မိဘတွေဆီပြပြီး ရှင်းပြမှာပါ။ သူတို့ဟာ တကယ်ထောက်လှမ်းရေးတွေဖြစ်လို့ အပြစ်ပေးလိုက်ရတာပါ လို့ တလျှောက်လုံးပြောလာတဲ့ ABSDF ခေါင်းဆောင်များ-- အကောင်းဆုံးကတော့ ခင်ဗျားတို့သိတ်သေချာနေတဲ့ သက်သေတွေကိုင်ပြီး အမြန်ဆုံး ဆုံရှင်းလိုက်ကြပါ။ အသတ်ခံရတဲ့ မိသားစုတွေက စောင့်နေပါတယ်။ လူအများကြီး သတ်လာတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်စားလှယ်တွေ နဲ့တောင်တွေ့ရဲသေးတာပဲ။ အသတ်ခံရတဲ့ကျောင်းသားတွေရဲ့ မိဘတွေကို ဘာလို့မတွေ့ရဲတာလဲ။ အပိုင်း(ဂ) အချိန်တန်တော့ ဒီကိစ္စတွေက ပြီးသွားပါလိမ့်မယ်။ အိန္ဒိယ ရုပ်ရှင်ဇာတ်ကားကြည့်ရသလို၊ နဟီ -- နဟီ သီချင်းအော်ဆိုပြီး တောင်ကုန်းပေါ်ပြေးသွားလိုက်၊ ဇာတ်လိုက်မင်းသားရင်ခွင်ထဲ ခိုဝင်လိုက်၊ နောက်-- တွန်းလှဲပြီး သီချင်းဆိုလိုက် လုပ်လို့မရပါ။ အချိန်ဆိုတဲ့အရာကို ပေးနိုင်သလောက်ပဲ ပေးကြမှာပါ။ ဖဲတွေပစ်ပေးထားပြီးပြီ။ ဘယ်သူ့လက်ထဲမှာ ဘာဖဲရှိတယ် ဆိုတာလည်း သိပြီးပြီ။ ဘာကို ပူရမှာလဲ။ သေချာတာတခုကတော့- ခင်ရွှေလှိုင်ကို စာပြန်ရေးရတာ တကယ့်ကို ပျင်းဖို့ကောင်းပါတယ်။ သူ့ခင်ဗျာ- နန်းအောင်ထွေးကြည်အပေါ် ဂရုဏာသက်မိတဲ့ ကျနော်နဲ့ ကိုထွန်းအောင်ကျော်ကိုလည်း မကျေမနပ်ဖြစ်နေပုံရတယ်။ ရဲဘော်ဖိုးသံချောင်းဆီက ထောက်ခံချက်ကိုလည်း ယူစေ့ချင်တယ်။ ( သိမ်ငယ်စိတ်တွေ သိတ်မထားစေချင်ပါ) မဒမ်သံခဲရေ- ဥပမာလေးတခုနဲ့ပဲ နိဂုံးချုပ်ပါရစေတော့။ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း နာမည်ကြီးနေတုံးက ၊ ကျနော်တို့ ရပ်ကွက်ထဲမှာ စီးကရက်လက်ကြားညှပ်ပြီး၊ စိတ်ကြီးဝင်နေတဲ့ ခပ်ပျက်ပျက် မိန်းမတယောက်နာမည်ကလည်း ခင်သီတာထွန်း ပဲ။ သူက ဆိုက္ကားဂိတ်မှာ ထိုင်ထိုင်ပြီး၊ လမ်းသွားလမ်းလားတွေ အာရုံစိုက်အောင် လုပ်လေ့ရှိတယ်။ ကိုယ့်အိမ်မှာ လူထု နံမည် နဲ့ ပုံနှိပ်စက်ရှိတိုင်း၊ လူထုဒေါ်အမာရဲ့ လူထု တိုက်လိုလို လူလေးစားခံချင်တယ် ဆိုရင်တော့ ရပ်ကွက်ထဲက ခင်သီတာထွန်းလို ဖြစ်နေပါအုံးမယ်။ ဆိုက္ကားဂိတ်မှာ မထိုင်ပါနဲ့ဗျာ။  


11Like · ·
  • Than Win ကိုအောင်မိုးဝင်း တင်ပြတာကို ထင်မြင်ချက်လေးပေးကြပါအုံး ကျနော်စောင့်ဖတ်ပါရစေ..
  • Aung Moe Win ခင်ဗျားက စပြော
  • Kayin Lay တွံတေးတောတန်းတွင် တစ်တီတူးတွေ တုတ်တံတွေ တံတိုင်းတွေ တော်တော်တန်တန်တွေ့ တယ်တဲ့တော်...တောက်တီးတောက်တဲ့တော်... တော်တီးတော်...
  • UZa Wana တူရာစု နေကြပါပြီ
  • Than Win ကရင်လေး တနှင့် သ မကွဲတာငါတို့မဟုတ်ဘူး ငါတို့က တနှင့်သ ကွဲတာဟိုဖက်တောင်လွန်သေးတယ်
  • Hmone Shwe Yi မသိလို.မေးမယ်နော်-ကျောင်းသားထောက်လှမ်းရေးဖြစ်ခဲ.ဘူးတဲ.ကိုသန်းဇော်-ကိုဇော်ဇော်မင်း-ကိုအောင်စိုးမြင်.တို.ကကောအဖြစ်မှန်ပေါပေါက်ရေးမှာပါဝင်ကုညီနေကြလား--
  • Aung Moe Win သူတို့ကို သွားမေးပါလား
  • Than Win တနှင့် သ မကွဲတာနင်လဲပါနေပြီ.. ကွဲအောင်လုပ်..
  • Hmone Shwe Yi သူတို.ကိုမသိလို.ပေါ.-
  • Hmone Shwe Yi ဘာဘဲဖြစ်ဖြစ်ဖြစ်လာရင်အစကအဆုံးပြောကြရတော.မယ်လေ-အဲဒါကြောင်.မေးတာအီးရောအီးရောနဲ.ဘာမှမဖြစ်လိုက်ဘဲအဖွဲ.နာမည်ဘဲပျက်မှာတော.မလိုချင်ဘူး-ဘယ်တော.တရားစွဲတာစမလဲမြန်လေကောင်းလေဘဲ
  • Than Win ဘယ်သိနိုင်ပါ့မလဲ ငုံးပုရယ်.. အဝေးကြီးဘဲဟာကို.. နင်တို့ဘယ်သိနိုင်ပါ့မလဲ ငါနားလည်ပါတယ် ၊အတွင်းကျကျသိတဲ့သူတွေကိုမေးကြည့်တာပိုကောင်းတာပေါ့..
  • Hmone Shwe Yi ခုရေးနေသူတွေဟာအားလုံးဖတ်တယ်-သိသိကြီးနဲ.ငြိမ်နေကြသူတွေရှိကြတယ်ပေါမလာကြလို.-
  • Than Win ပေါ်လာအောင် ငုံးပုကြိုးစားကြည့်လေ ..ဒီပြဿနာဟာ ABSDF သမိုင်းအတွက်အများကြီးထိခိုက်တယ်လေ..နင်သိပါတယ်..

    • Aung Kyaw Moe ဆိုက္ကားဂိတ်မှာ မထိုင်ပါနဲ့ဗျာ။
    • Kyaw Min HtweABသမိုင်းဟာအဲဒီမှာထဲကစပျက်စီးနေလောက်ပြီ။မိန်းမတယောက်ရဲ့လိင်စဉ်အောက်မှာကိုယ့်ရဲဘော်ရဲဘက်တစ်တွေကိုရက်ရက်စက်စက်သတ်တဲ့ကောင်ေ
    • Kyaw Min Htwe ဒီလိုကောင်မျိုးတွေကABရဲ့သမိုင်းကို
      ကြီးကျယ်အောင်ဘယ်လိုလုပ်နိုင်မှာလဲဥနှောက်မရှိတဲ့ကောင်တွေခေါင်းဆောင်ခန့်ထားတာပျက်စီးဘို့ပဲဖြစ်လာမှာ
    • Kotoe NB ကိုအောင်မိုးဝင်း..ကျေးဇူးတင်ပါတယ်
      မကြာခင်မှာအဖြေတစ်ခုပေါ်လာပါလိမ့်
      မယ်..
      19 hours ago via mobile · Like · 6
    • Than Win ABSDF သမိုင်းမှာ သန့်သန့်စင်စင်နှင့်ဘ၀တွေ အသက်တွေ ရင်းခဲ့တဲ့သူရဲကောင်းတွေအများကြီးဘဲ..သမိုင်းကအကြီးကြီးဘဲ..မြောက်ပိုင်းလူသတ်မှုဟာ ပြည်သူကြားမှာAB သမိုင်းမလှဘူး ၊ABSDFသမိုင်းမလှရင် ငါတို့သမိုင်းမလှဘူး..ငါတို့သမိုင်းအတွက် ဒါကိုဖြေရှင်းမှရမယ်..
      19 hours ago · Like · 8
    • Maungmaung Skw ဘယ်လူမျိုး ဘယ်အဖွဲ့အစည်းရဲ့သမိုင်းမှ စင်းလုံးချောမရှိဘူး။
      မြင့်မြတ်တဲ့သူတွေက မြင့်မြတ်တဲ့အလုပ် လုပ်တယ်-အောက်တန်းကျတဲ့သူတွေက အောက်တန်းကျတဲ့အလုပ်လုပ်တယ်။
      အဖွဲ့အစည်းနဲ့ဘာမှမဆိုင်ဘူး။
      အဖွဲ့အစည်းနဲ့ဆိုင်တာက ဆွမ်းဆန်ထဲ ရောနေတဲ့ ကြွက်ချေး ဖယ်ထုတ်ပစ်ဖို့ပဲ။
      17 hours ago via mobile · Like · 16
    • Moe Wit Yee ကြားဘူးတာတခုရှိပါတယ် .. ခင်ရွှေလှိုင်က Australia ကို ဒုက္ခသည်အနေနဲ့လျှောက်တုန်းကImmigration ကို "ကျမယောင်္ကျားက ဆိုင်ကယ်မှောက်သေသွားလို့ ကျမ ကလေးတယောက်နဲ့ ဒုက္ခရောက်နေပါတယ် ဆိုပြီး " Biography ကို ညာတင်ထားပါတယ်တဲ့ ။ဘာလို့ဆိုတော့ ABSDF ကပါလို့ပြောရင် ပြည်ပနိုင်ငံကိုထွက်ခွင့် တွေ Reject လုပ်လို့ပါတဲ့ ။ ABSDF နာမည်ပျက်နေတာ အဲ့ဒီကတည်းကပါဘဲ ။အခုမှ မဟုတ်ပါဘူး။ABSDF ဥက္ကဌ မိန်းမလုပ်နေပြီး လိမ်ညာတတ်တာကိုက အဆင့်အတန်းဘယ်ကလာလည်းဆိုတာ သိသာနေပါပြီ။
      15 hours ago · Like · 4
    • Kotoe NB ကိုအောင်နိုင်..ကိုအောင်နိုင်နဲ့
      ဘာလည်းတော့မသိအသေအလည်းကိုကာကွယ်နေတာ..အင်း
      တစ်ခုခုတော့ရှိမှာပေါ့
      လေးစားလွန်းလို့ဘဲလား
      ဒါမှမဟုတ်
      14 hours ago via mobile · Like · 3
    • Ko Baloi တူရာစုကြလိမ့်မယ်....အမှန်တရားကို လိုလားသူ၊ ပေါ်ပြူလာလုပ်ချင်သူ၊ မိတ်ဆွေတန်ဘိုးကို နားမလည်သူ၊ တောကျီးကန်းတွေလို ဆူညံနေသူ--စသည့်ဖြင့်ပေါ့။ ဒါအမှန်ပဲ...ကိုအောင်မိုးဝင်း။ အမှန်တရားဟာ အခြေအနေနဲ့ အချိန်အခါအရ ပျောက်ကွယ်ခံနေရပေမယ့်...တနေ့နေ့ တချိန်ချိန်မှာ အမှန်တရားဟာ ပေါ်ပေါက်လာရစမြဲပါ။ အခုလည်း အမှန်တရားဟာ ဘယ်တော့မှပျောက်ကွယ်မနေဘူးဆိုတာ သက်သေပြနေပါပြီး။ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းမှန်တွေကို လိမ်ညာဖြီးဖြန်းပြီး သီကုန်းလို့မရပါဘူးဆိုတာ လူမဆန်စွာရက်စက်ကျူးလွန်သူတွေသိလောက်ပေါ့..။
      13 hours ago · Like · 2
    • Ah Mar Ni ကိုသန်းဇော် ဆိုတဲ့ လူသတ်ကောင်က သူများ သတ်ဖို့ အမိန့် ပေး ပြီး သူသေမှာကြောက်လို့ ကြွက် တွင်း တူးပြီးပုန်းနေတယ် ၂၆ လမ်းကသူ့ အိမ်မှာ မနေဘူး
      11 hours ago · Like · 1
    • Tamar Khin မိုးဝတ်ရည် ပြောရဲရင် ဓါတ်ပုံတော့ တင်ရဲမှာပါ၊ လေသံက နန်းအောင်ထွေးကြည်လေသံနဲ့တူနေလို့၊ ကွဲပြားသွားချင်လို့ပါ၊ မပြရဲရင်တော့ မပြပါနဲ့၊
    • Tamar Khin မြောက်ပိုင်းက ခေါင်းဆောင်တွေ ဥနှောက်မရှိလိုက်ပုံက နန်းအောင်ထွေးကြည် ကုန်းအောက်သမျှ လုံးဖော်လိုက်ရေးခဲ့တဲ့ အောင်မိုးဝင်းအတိုင်းပါပဲ၊ မကွာခြားပါဘူး၊
      11 hours ago · Like · 1
    • Min Tharr မြောက်ပိုင်းအမှုဟာ အေဘီရဲ. အမဲစက်တစ်ခုပါပဲ။ ကျနော်မြင်တာကတော့ ဒီကိစ္စရဲ. သမိုင်းမှန်ပေါ်ပေါက်ရေးဟာ အေဘီရဲ. တာဝန်တစ်ခုဖြစ်သလို.။ ပြုလုပ်ခဲ့သူတွေ၊ ခံစားခဲ့ရတဲ့သူတွေအပြင် ကိုယ်တိုင်မြင်တွေ.ခဲ့တဲ့သူတွေရဲ. တာဝန်လဲဖြစ်ပါတယ်။ ဒီပြသနာကို အေဘီက ရှင်းကိုရှင်းရမှာပါ။ ခင်ရွှေလှိုင်ရေးတဲ့အထဲမှာ ပါတဲ့အချက်အလက်တွေက အများကြီးစဉ်းစားစရာပါပါတယ်။ ဒါပေမယ့် လူသတ်ကေါင်တွေကို ကာကွယ်ပြောဆိုနေမှုတွေဟာတော့ လက်ခံနိုင်စရာမရှိပါဘူး။ အေဘီကို တကယ်ကာကွယ်မယ်ဆိုရင် အေဘီရဲ. ဦးတည်ချက်နဲ. ဖွဲ.စည်းပုံကို ကိုင်တွယ်ပြီး ကာကွယ်ရမှာဖြစ်ပါတယ်။ ဒိလူသတ်မှုတွေ နှိပ်စက်ညှင်းပန်းမှုတွေကို အေဘီရဲ. ဖွဲ.စည်းပုံထဲမှာ တရားဝင်ခွင့်ပြုပါတယ်လို. ဖေါ်ပြထားပါသလား။ စခန်း၊ ဒေသ ကော်မီတီတွေဟာ လူသတ်မိန်.ကို ပေးချင်တိုင်း ပေးလို.ရပါသလား။ လူ.အခွင့်အရေးကို ရရှိအောင်တိုက်ပွဲဝင်နေတဲ့ အဖွဲ.အစည်းတစ်ခုမှာ လူ.ဂုဏ်သိက္ခာ ညှိုးနွမ်းစေအေူာင်ပြုလုပ်တဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေကို လက်ခံခွင့်ပြုထားပါသလား။ ဖွဲ.စည်းပုံထဲမှာ ဒါတွေကို ခွင့်ပြုတယ်လို. မပြဌာန်းထားပါဘူး။ ဒါဆိုရင် အဖွဲ.အစည်းရဲ. အသက်သွေးကြောဖြစ်တဲ့ ဖွဲ.စည်းပုံကို ကာကွယ်ဖို. အဖွဲ.အစည်းရဲ. ဂုဏ်သိက္ခာကို ကာကွယ်ဖို.အတွက် ဒီပြစ်မှုကျူးလွန်သူတွေကို ဖေါ်ထုတ်အရေးယူရမှာဖြစ်ပါတယ်။
      11 hours ago · Edited · Like · 7
    • Min Tharr နောက်တစ်ခုက မြောက်ပိုင်းပြန်များကို ပြောချင်ပါတယ်။ ခင်ဗျားတို. သမိုင်းမှန်ကို ဖေါ်ထုတ်နေကြတယ်သာဆိုတယ်။ အခုထက်ထိ တကယ့်မြောက်ပိုင်း သမိုင်းမှန်ကို ခင်ဗျားတို.ထဲက ဘယ်သူကမှ ဖွင့်ချမပြောကြသေးဘူး။ ဖမ်းဆီးနှိပ်စက်ခံရတာတွေကိုသာ ပြောပြီးဇတ်လမ်းရှည်နေကြတယ်။ ဒါကိုကျနော်တို. လက်ခံပါတယ်။ ဒါကြောင့်လဲ ခင်ဗျားတို.ရှေ.ကရပ်တည်ပြီး တိုက်ပွဲဝင်ပေးခဲ့ကြတယ်။ ပြီးခဲ့တဲ့ နှစ်ကလဲ ခင်ရွှေလှိုင်က ဆောင်းပါး ၈ စောင်ရေးခဲ့တယ်။ ခင်ဗျားတို. မတုန်.ပြန်ခဲ့ကြဘူး။ အခုလဲဆက်ရေးနေတယ်။ ခင်ဗျားတို. ငြိမ်နေတုန်းပဲ။ခင်ဗျားတို. မတုန်.ပြန်နိုင်ကြဘူးလား။ သမိုင်းတစ်ခုကိုဖေါ်ထုတ်တယ်ဆိုတာ ဘက်ပေါင်းစုံက အမြင်တွေ။ အတွေ.အကြုံတွေကို ဖလှယ်ကြတာပဲ။ ဒါမှ သမိုင်းမှန်ကို ဖေါ်ထုတ်လို.ရမှာ။ အခုမြောက်ပိုင်းထဲက အက်ဒမင်တွေရော အဖွဲ.၀င်တွေရော မြောက်ပိုင်းသမိုင်းအမှန်ကို သိချင်ကြမှာပဲ။ ကျနော်လဲ သိချင်တာပဲ။ ဒါပေမယ့် အခုထိ သမိုင်းမှန်ဖေါ်ထုတ်နေတဲ့သူတွေက မိမိန.ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း တာဝန်ယူစိတ်ရှိစွာနဲ. တင်ပြပြောဆိုတဲ့သူ သိုက်ထွန်းဦးတစ်ယေါက်က လွဲလို. မတွေ.ဖူးသေးဘူး။ အခု ခင်ရွေလှိုင်က ခင်ဗျားတို. လူ ၅၀ ကျော်ကို အချက်အလက်တွေနဲ. တင်ပြပြီး စိမ်ခေါ်ထားတာပဲ။ ဘာဖြစ်လို. မတုန်.ပြန်ကြသေးတာလဲ။ မှန်ရင် မှန်တယ် မှားရင် မှားတယ် အချက်အလက်နဲ. တုန်.ပြန်တာတွေကို ကြားချင် ဖတ်ချင်ပါတယ်။
      11 hours ago · Like · 4
    • Min Tharr အခုက နန်းအောင်ထွေးကြည်အတွက်။ သိုက်ထွန်းဦးဟာ သူအပေါ်ကေါင်းခဲ့ပါတယ်။ ကူညီခဲ့တယ်။ မြောက်ပိုင်းမှာ နန်းအောင်ထွေးကြည် အဖမ်းခံနေရစဉ်ကာလမှာ အစားအသောက်က အစ။ သတင်းအဆုံး သူအတွက် အန္တရာယ်ရှိတာကို သိရက်နဲ. စွန်.စားပြီး ကူညီပေးခဲ့သူတစ်ဦးဖြစ်တယ်။ မြောက်ပိုင်းကိစ္စပေါ်ပေါက်ရေးမှာလဲ တကယ်သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုပြီး ၀န်ခံခဲ့သူတစ်ဦးဖြစ်တယ်။ ဒီလို သူ.အပေါ်ကျေးဇူးရှိတဲ့။ စိတ်ထားရိုးဖြောင့်တဲ့ သူတစ်ဦးအပေါ်မှာ ဘ၀င်တက် ဘ၀မေ့ပြီး စော်ကားမော်ကားနဲ. ခြိမ်းခြောက်ပြောဆိုတာမျိုးအတွက် နန်းအောင်ထွေးကြည်ကို အပြင်းအထန်ရှုံ.ချပါတယ်။
      9 hours ago · Edited · Like · 2
    • Darli Pug မြောက်ပိုင်းက မျောက်တွေရဲ့ ဇာတ်လမ်းကို စောင့်ကြည့်ရင်း ဆောင်းပါးတွေဖတ်ရင်း မျောက်မျက်စိလယ်ဖြစ်ပြီး ခဏခဏကျွတ်ထွက်သွားတဲ့ မျက်စေ့ကို ပြန်ပြန်တပ်ရပါတယ်၊ အထူးသဖြင့် ကိုအောင်မိုးဝင်းဆောင်းပါးတွေ တက်လာရင်ပေါ့, ဇာတ်လမ်းအစကလိုက်ခဲ့ရတော့၊ ပြန်မတပ်လို့ကိုမဖြစ်ဘူး,, :)) ကျောက်ဆည်ရုပ်သီးစပ်စပ်လေးနဲ့ လ္တက်သုပ်လေးစားရင်း အိန္ဒိယ ရုပ်ရှင်ဇာတ်ကားဆက်ကြည့်ရမှာ ပေရှည်ဖလင်လိမ်နေတာတော့ သိပ်မဟန်ဘူးလားလို့...!!
      9 hours ago · Like · 2
    • Aye Aye Soe Win လူအများကြီး ခံခဲ.ရတဲ.ကွန်ထရိုဗာရှယ် ဖြစ်စရာ ထောက်စရာ မေးခွန်းထုတ်ချင်စရာတွေ အများ ကြီး ရှိနေတဲ. လူ တစ်ယောက်ကြောင်.-သူ. မရှင်းလင်းမှုတွေ။ အဆန်းအပြားတွေကြောင်.၊ ပေရှည် နေတယ် ပဲ သုံးသပ်ပါတယ်။ မိတ်ဆွေကောင်းတွေ တန်ဘိုးကို မသိရင် စော်ကား လျှင် ကမ္ဘာကြီး က ဒဏ် ရိုက်တတ်ပါတယ်။
      9 hours ago · Like · 2
    • John Kyaw ခင်ရွှေလှိုင်ဆောင်းပါးတွေစောင့်ဖတ်ပြီးတဲ့နောက်သူ့ ကိုမေးချင်တဲ့မေးခွန်းပါ။ သူ့ ဆောင်းပါးအောက်မှာ ကွန်မင့်ပေးမရ လို့ ဒီမှာပေးပါတယ်။ မခင်ရွှေလှိုင်ခင်ဗျား။ ဒီအဖြစ်အပျက်ကြီးတခုလုံးဟာ ခင်ဗျားပြောသလိုပဲ နန်းအောင်ထွေးကြည် အပါ အ၀င်အားလုံး ထောက်လှမ်းရေးတွေကြောင့် ဖြစ်ပျက်ခဲ့တာဆိုတာအမှန်ပဲထားလိုက်ပါတော့။ ထောက်လှမ်းရေးကြောင့်ဆိုပြီးခင်ဗျားတချိန်လုံးထိုးနေတဲ့လက်ညိုးကိုအခုရပ်လို့ ရပါပြီ။ ကျနော်တို့  ခင်ဗျားပြောသမျှအမှန်လို့ လက်ခံလိုက်ပါပြီ။ အဲဒီအတွက်သိပ်အငြင်းမပွားလိုတော့ပါ။ ဒီကိစ္စမှာတာဝန်ရှိခဲ့တဲ့ သံချောင်း၊မျိုးဝင်း၊ရော်နယ်အောင်နိုင်....စသဖြင့် အဲဒီလူများအပေါ်ထားတဲ့မခင်ရွှေလှိုင်ရဲ့ သဘောထားကိုတော့ မခင်ရွှေလှိုင်ရေးတဲ့စာတွေမှာ အပ်ကြောင်းထပ်မျှမကပါလို့  သိရပါပြီ။တဆက်တည်းသိချင်နေသေးတာက ခေါင်းပြတ်သွားတဲ့ခင်ဗျားတို့ ဥက္ကဌ ကိုထွန်းအောင်ကျော်အပါအ၀င်၁၂ ယောက်၊နောက်ညှင်းပန်းခံခဲ့ရသူတွေအပေါ်ထားတဲ့ မခင်ရွှေလှိုင်ရဲ့ သဘောထားကို လည်း သိချင်ပါသေးတယ်။ နန်းအောင်ထွေးကြည်အပါအ၀င် ထောက်လှမ်းရေးများကြောင့် ဖြစ်ပွားခဲ့တဲ့ဒီကိစ္စအတွက် အဲဒီအချိန်ကမြောက်ပိုင်းရဲမေတဦးအဖြစ်ရှိခဲ့တဲ့မခင်ရွှေလှိုင်အနေနဲ့  နန်းအောင်ထွေးကြည်အပါအ၀င်နအဖထောက်လှမ်းရေးများကို တရားစွဲဆိုဖို့ အစီအစဉ်ရှိ၊မရှိဆိုတာလဲဆိုတာလဲသိချင်ပါတယ်။ နအဖထောက်လှမ်းရေးများကြောင့်ဖြစ်ပွားခဲ့တဲ့ဒီအဖြစ်အပျက်ကြီးကို ကျောင်းသားတပ်မတော်ရဲမေတဦးအနေနဲ့ အထူးသဖြင့် (ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဇနီးတယောက်အနေနဲ့ )ဘာကြောင့်နှစ်ရှည်လများရေငုံနုတ်ပိတ်နေခဲ့ရသလဲသိလိုပါတယ်။

  • Thone Drae Oo ဆင်သေကို ဆိတ်ရေနဲ့ ဖုံးဖို့ကျိုးစားကြတာ လူမိုက်တွေလုပ်နေကြပါ...သေချာတာတော့ ကိုယ်စိုက်တဲ့အပင်ကိုယ်ရိတ်သိမ်းရမှာပါပဲ....တကယ်သာမှန်ရင် ကိုအောင်မိုးဝင်းပြောတဲ့ "လူအများကြီး သတ်လာတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်စားလှယ်တွေ နဲ့တောင်တွေ့ရဲသေးတာပဲ။ အသတ်ခံရတဲ့ကျောင်းသားတွေရဲ့ မိဘတွေကို ဘာလို့မတွေ့ရဲတာလဲ။ ..." ဆိုတာဒါမျိုးဘာလို့မလုပ်နိုင်တာလဲ....
    18 hours ago · Like · 3
  • Than Winမှန်တာပေါ့ဗျာ..မတရားသဖြင့်နစ်နာသွားသူတွေရဲ့မိသားစုတွေသူတို့ခံစားနေရတဲ့ခံစားချက်တွေကိုနားလည်ခွင့်လွှတ်နိုင်အောင် ခင်းဗျားတို့ပထမဦးဆုံးလုပ်ဖို့တာဝန်ရှိတယ်လို့ကျနော်ထင်တယ် ။ ဒါကိုခင်ဗျားတို့ မျက်ကွယ်ပြုပြီးမဖြေရှင်း ရင်အချိန်တွေဘယ်လောာက်ကုန်ဆုံးသွားပါစေ..ခင်ဗျားတို့အသက်ရှင်နေသ၍ သမိုင်းစဉ်တလျှောက်လုံးနှင့်နောင်ဘ၀အထိဖြေရှင်းရမယ်ဆိုတာကို သတိမမေ့စေချင်ဘူး.ခင်ဗျားတို့လုပ်ခဲ့တဲ့လုပ်ရပ်ဟာ ဒီအဆင့်ထိကြီးမားတယ်ဆိုတာ တာဝန်ရှိတဲ့သူတွေ ခင်ဗျားတို့ သဘောပေါက်သိထားစေချင်ပါတယ်..။
    17 hours ago · Like · 1
  • မဟာ မျိုး ဒေါ်ခင်သီတာထွန်းကလဲ ဆိုက်ကားဂိတ် ခနခန ထိုင်တာကို ပြောစရာဖြစ်နေပြီ
  • Moe Wit Yee မခင်ရွှေလှိုင် ကျမ စင်္ကာပူကပါ.... မခင်ရွှေလှိုင်ဆက်သွယ်ချင်ရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်.....မြောက်ပိုင်း ကိစ္စတွေကို မတရားမှုဆိုတာ သိကတည်းက စိတ်ဝင်စားပြီး လိုက်ဖတ်နေတဲ့သူ တစ်ယောက်ပါ.....
    14 hours ago · Like · 1
  • Aye Aye Soe Win နအထက စစ်ကူရသွားတာကို မထူးဆန်းပါ။ နအထက ကို လည်း နဲနဲ မှ အထင်မကြီးပါ။ တောထဲက သူ. စပါယ်ရှယ် ထွက်ချက် အရေးပါခြင်း မပါခြင်းကိုလည်း စိတ်မ၀င်စားပါ။ ကျူးလွန်ခဲ.သူတွေ၏ အသေးစိတ်လုပ်ရပ်တွေ၊ လပေါင်းများစွာ ညှင်းဆဲရက်စက်ခဲ.တာတွေက သာ အတည်ဖြစ်ပါတယ်။ ဒါကြောင်.-ဒီ အ မှု တနေ. ရကို ရ ရ မယ် လို. ယုံကြည်ပါတယ်။ သို.သော်-ခုတလော ညင်းခုန်ရန်ဖြစ်နေကြတဲ. အကြောင်းတွေမှာ--အဓိက က နအထက ဟာ အမှုကို ရအောင်လည်း မစွဲနိုင်ဘူး။ လမ်းကြောင်းကိုလည်း သူ.လက်သူ.ခြေလုပ်ပြီး ဖျောက်နေတယ်ဆိုတာ ၂၀၁၂ ဧပြီကထဲက စာရေးဆရာအောင်မိုးဝင်းလည်းအသိ၊။ ကဲ မေးမယ်။ ဘာကြောင်.- လမ်းကျောင်းအစစ်ကို ဟိုကွေ. ဒီကွေ.နဲ. ဖျောက်နေတာလဲ။။ မဆိုင်သူကို ထိုးကျွေးပြီး ဆိုင် တဲ.သူတွေကို လွှတ်လိုက်တယ်။ လူအချင်းချင်း ရန်တိုက်ပေးတတ်တယ်။ ဒါကြောင်.လဲ လူတွေက သူတို. မြင်တဲ.အတိုင်းဝေဖန်နေကြတာပဲ။ (၁၉၉၁ -၁၉၉၂ ဇတ်အိမ်နဲ. မဆိုင်ပါ) ၂၀၁၂ နှစ် အတွင်းမှာ ကိုပြော ဆို ဆက်သွယ် မှုတွေ။ အရင် စကားပြော ခဲ. တဲ. သူတွေ အချင်းချင်း စကား မပြော ချင်တော. လောက်အောင် အချင်းချင်း စောက်မြင်ကပ် မုန်း တီး ခဲ. ကြတာ ဘယ် သူ လက်သည် ပါလည်း။ အမှန်အတိုင်း ပြောကြရင်တော.--အချင်းချင်း ရန်ဖြစ်တာ ကို ထိုင်ကြည်.နေရတာကို ၀မ်းသာ နေသူတွေ ရှိနေလို.ပဲ၊ဒီလို တမင် ဖန်တီး နေတာပဲ လို.တွေးမိပါတယ်။ ၁- အလုပ် မဖြစ်ဘူး။ ၂- လူတွေ ရန်ဖြစ်နေပြီ။ ၃- ဒီတခါ တိုက်ပေး ဆွ ပေး နေတဲ. သူတွေ ၏ အမည်တွေပါ ပါ လာပြီ။ ၄-နန်းအောင် ထွေး ကြည် ဟာ ယုံ ကြည် သင်.တဲ. သူတယောက် မဟုတ်ဘူးဆိုတာ စာရေး ဆရာ အောင်မိုး ၀င်း လည်း သိခဲ. ပါတယ်။ အောင်မိုးဝင်းဟာ အလွန်ထက်မြက် အကင်းပါးသူပါ။ နအထက ကျုပ်တို. နဲ. ဘာမှ မပတ်သက်ပဲ ဒိအမှု သူ. သဘော သူလုပ်ခဲ.တာပဲ။ လူ ၂ ဦး ဆက် သွယ်တော. မယ် ကြံသေး၊ သူက ၀င်လာပြီး --သူ.သဘောသက်သက် သက်သက် ဖြတ်ချင်တဲ. နေရာ ဖြတ်တောက်၊ တိုးချင်တဲ.နေရာ သူတိုး၊ ပေးချင်တဲ. ဆင် ခြေ သူပေး။ အပေါ်ယံ ပြကွက် ရှိုးကွက် တစ်ခု၊ လုပ်နေတာ သွားနေတာ ကတစ်ခု ဆိုတာ--
  • Aye Aye Soe Win သေချာတာ ကတော.-လူတွေက စာနာ ကူညီနေတာ ၄၀ နီးပါး အသတ်ခံရ- လူ ၁၀၀ ညှင်းဆဲခံရတဲ. မြောက်ပိုင်းဇတ်လမ်း အပေါ်ယုံကြည် လို.ပါ။ ဒီ. ထက် မပို ပါဘူး။ နအထက ကိုယ်တိုင် သူ. မကောင်းကြောင်းနောက်ကွယ်က ဒိုင်ခံပြောနေတဲ. ငပေါကြီး တစ်ယောက် ကို သူ. လူစစ် စစ်မဟုတ်မှန်းသိပါရဲ. နဲ. ကျွေးမွေး လမ်းစား ရိတ်ပေးပေါင်း။ ခရီးတခုအပြီး မှာ အရင် က စကားပြော ခဲ. ခင်မင်ခဲ.သူတွေ အချင်းချင်း ထရိုက်ချင်စိတ်တွေပေါ်လာအောင် လုပ် နိုင် တဲ. စိတ်ဓါတ်ကို (စဉ်းစားတတ်သူတွေမှန်ရင်) ဒါကို အရည်အသွေးကောင်းလို.လဲ ဘယ်သူကမှမြင်မှာ မဟုတ်ပါ။ ဒါ စိတ်ထား ယုတ်ညံ.မှုဖြစ်ပါတယ်။ မိမိ ကို ကူညီထားတဲ. သူတွေ။ ကောင်းမွန်စွာ လက်ခံနားလည် စောင်.ရှောက်ပေးခဲ.သူတွေကို ကျေးဇူးတင်စရာ မလိုသော်လည်း ထပ်ခါထပ်ခါ မစော်ကားသင်.ပါ။ ဒီစောက်ချိုးတွေဟာ လူတော် လူဖြောင်. တွေအတွက် ပမွှားဖြစ်သော်လည်း အချိုကြိုက်များအတွက် နဲနဲ တချက် စဥဍ်းစားသင်.ပါတယ်။ နအထက ကို တော်သူ အရည်အချင်း ရှိသူလို. ဘယ်သူက မှ မပြောကြသလို-တဖက်က လည်း ယုံဘို. မကောင်းဘူး၊ ရွံစရာ ကောင်းတယ် ဆိုတဲ. သတ်မှတ်ချက်ကို စာရေးသူလည်း နေရာ အချို.က ကြားပြီးသားဖြစ်ပါလိမ်.မယ်။ အကောင်.မျိုးစုံဖွင်.ပြီး ခြေထိုးတဲ. အကျင်.တွေ၊ ၇န်တိုက်ပေးတဲ. အကျင်.တွေနဲ. တင် လူတွေက လက်ခံမှာ မဟုတ်ပါ။ သွေးရိုးသားရိုး ဘ၀င်မြင်.ရောဂါနဲ.မှားနေ တာသက်သက်ပဲဆိုရင်--လူတွေဘာကြောင်. သူ.ကြောင်. မသင်.မြတ် ရန်တွေ ထဖြစ်ကြတာလဲ။ လူ အချင်းချင်း မုန်းတီး အောင် ခြေထိုးတယ်ဆိုတာ တော်တော် စုတ်ပဲ. တဲ. အကျင်.ပါ။ လူ တစ်ယောက်ကို စောစော စီးစီး မတားပဲ၊ သတိမပေးပဲ။ ရလဒ် မရှိလို. လူတွေက ဝေဖန်တဲ. အခါ--ဘာကြောင်.ဝေဖန်ရသလဲ- ဆိုတဲ. မေးခွန်းကို အောင်မိုးဝင်းလဲသိမှာပါ။ လွှတ်ထားလိုက်တယ် ဗျာ ဆိုတဲ. ကာလ အတွင်းမှာ လူတွေ အထူးသဖြင်. သူများကျေးဇူး သူများ အစွမ်းအစနဲ. ဘ၀င် ၀င်လေဟပ် သွားသူကြောင်. အချင်းချင်း ခေါင်းတည် ရန်ဖြစ်ခိုင်းတာမျိုး တွေဖြစ်လာတယ်။ ဒါဟာ မလုပ်သင်.တဲ. ကစားကွက်ပဲ။ မြောက်ပိုင်းဇတ်လမ်းကို ၂၀၀% ယုံပါတယ်။ မယုံတာက နအထက ကိုပါ။ ဒီစတိတ်မင်. မှားနေတယ် ဆိုရင်- သူ. ကို ဘာကြောင်. ယုံသင်.လဲဆိုတာ စာရေးဆရာပဲ ရှင်းပြပါ။







  • Aung Moe Win မအေးစိုး- အမ ခံစားချက်ကို ကျနော်လုံးဝနားလည်ပါတယ်။ ခင်ဗျားက နန်းအောင်ထွေးကြည်အပေါ်မှာ အကောင်းခဲ့ဆုံးလူတယောက်ပါ။ မြောက်ပိုင်းကိစ္စကို ကြားကတည်းက မအိပ်နိုင်မစားနိုင်၊ ကိုယ်ချင်းစာမှုအပြည့်နဲ့ ပါဝင်ကူညီခဲ့သူပါ။ ဒီိလို လူတယောက်ကို မရိုးသားတဲ့နည်းနဲ့တိုက်ခိုက်နေတဲ့သူတွေဟာ တချိန်ချိန်မှာ အကြီးမားဆုံးပြန်လည်ပေးဆပ်မှုတွေ နဲ့ ကြုံတွေ့ရမှာပါ။ ဒီ ဇာတ်လမ်းမှာ နှမ်းဖြူးနေတဲ့ မင်းသားကြီး ဘယ်သူလဲ ဆိုတာသိသလို၊ ခင်ဗျားရဲ့ ဝေါမှာ တက်ပြီး ယောင်္ကျားတန်မဲ့ အရှက်မရှိစော်ကားနေတဲ့သူကို ဘယ်သူမြှောက်ပေးနေသလဲ ဆိုတာလဲ ရိပ်မိပါတယ်။ ကျနော့ဘက်ကလည်း ခင်ဗျားနဲ့အတူ ရပ်တည်ပြီးပြောလိုက်ပါမယ်။ ( အမှန်တရားလိုလားသူချင်း ကျောခြင်းကပ်ထားပါမယ်။ တချို့ကိစ္စတွေကို အချိန်တခုတော့ စောင့်ပါ။ )
  • Aung Moe Win အကောင့်အမျိုးမျိုးနဲ့တိုက်ခိုက်နေသူတွေကို ပြောလိုက်ပါရစေ။
  • Aung Moe Win FB မှာ အကောင့်အမျိုးမျိုးဖွင့်ပြီး လုပ်နေတဲ့ ကိစ္စတွေကို ရပ်ပါ။ မိတ်ဆွေတွေရဲ့ ကျေးဇူးကို သိပါ ။ မြောက်ပိုင်းကိစ္စကို ရိုးသားစွာ ပူးပေါင်းပါဝင်ကြပါ ။ ရှေ့ဆက် မရိုးမသား လုပ်နေမယ် ဆိုရင်တော့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ပါ။


    • Tin Lay Nge ၂ ဖတ်ရေးတာတွေကိုဖတ်ရင်း သဘောပေါက်လာတယ်..အသတ်ခံရတဲ့သူတွေနဲ့  အနှိပ်စက်ခံပြီး လွှတ်မြောက်လာတဲ့သူတွေကို စာနာညာတာ သလိုလို ..အပိုတွေရေး...နန်းအောင်ထွေးကြည်နဲ့ ရင်းနှီအောင် ပေါင်းချင်ဟန်ဆောင်ပြီး..စကားတွေကို လှည့်ပတ်ဆွဲယူသွာပြီး..အေဘီ သိက္ခာကို ထိန်းတဲ့ အနေနဲ့  အေဘီဘက်က သာ ရပ်တည်ကြပါလို့ ပြောပြီး..လက်ရှိအေဘီရဲ့ အာဏာကို ယူထားတဲ့သူတွေနဲ့  အပြစ်လုပ်ခဲ့တဲ့ သူတွေကို ကာကွယ်နေတဲ့ အတိုက်အခံတွေက ပိုများလာတယ်..အမှန်တရားဆိုတာ အင်အားကိုသုံးပြီးဖုံးလေ..လူတွေ ပိုပြီး အယုံကြည်ကင်းမဲ့လေဖြစ်မှာပါ.သေခဲ့တဲ့သူတွေက တကယ်သေခဲ့တာ နှိပ်စက်ခံရတဲ့ သူတွေက တကယ်ခံရတာ..အပြစ်လုပ်ခဲ့တဲ့သူတွေက အမှန်တရားကိုရင်ဆိုင်မှဖြစ်မှာ..Fb ပေါ်မှာ ..စည်းလွတ်ဝါးလွတ်ပြောတက်တဲ့ သူတွေ အားကိုးပြီး..အမှုမှန်ကို ဖျောက်လို့ မရနိုင်ပါဘူး..
      6 hours ago · Like · 2
    • Aye Aye Soe Win နန်းအောင်ထွေးကြည်နဲ.မပ ပြန်တွေ လူ ရာ လုံးလုံး မ၀င်ခင် အချိန်ထဲက သူတို. ကိစ္စ အတွက် ရပ်တည်ပေးခဲ.သူတွေကို ခနိုးခနြ. ၀င်ပြောလဲ ဘယ်သူမှ သောက်ဂရုစိုက်မှာ မဟုတ်ပါ။ နအထက နဲ. ခင်မင်ချင်ယောင်ဆောင်ရအောင်- ဘယ်သူက ဘယ်သူ. ကို ချဉ်းကပ်တာလဲ။ မြောက်ပိုင်း ပြန် ၅၀ ကျော်။ သေတဲ.သူတွေ ဒါဇင်နဲ.ချီရှိနေတာ။ နအထက က သူ ပါရုံးတင်ခံရမှာ စိုး လို. ကလိန်စေ.ငြမ်းဆင်လုပ်နေတယ် ဆိုတာ သိရင်- ဘာမှ မသိပဲ ၀င် ၀င်ငါ အာ မချောင်ကြပါနဲ.။

    • Aye Aye Soe Win ဘယ်သူက မှ အေဘီ ကို လုံးလုံး ရပ်တည် ကြ၊ တရား မစွဲနဲ. လို.ပြော တာ ကြား သလဲ။ ဘယ်သူမှ မပြောဘူး။ အေဘိဟောင်းတွေကိုယ် တိုင် က စွဲစေချင်လွန်းလို.။ မပပြန်တွေကိုယ် တိုင်က နအထက လှည်.လုံးတွေအာက်မှာ လုပ်သင်. လုပ်ထိုက်တာ မလုပ်ပဲ ပေ ရှည်နေတဲ. အတွက် ခု လို အတွင်း သရုပ် စစ်စစ် ပေါ်လာ တာဖြစ်တယ်။
      13 hours ago · Like · 1
    • Thet Myaing နန်းအောင်ထွေးကြည်နဲ့ ရင်းနှီးအောင် ပေါင်းချင် ဟန်ဆောင်ပြီး..စကားတွေကို လှည့်ပတ်ဆွဲယူသွာပြီး..အေဘီ သိက္ခာကို ထိန်းတဲ့ အနေနဲ့  အေဘီဘက်က သာ ရပ်တည်ကြပါလို့ ပြောပြီး..လက်ရှိအေဘီရဲ့ အာဏာကို ယူထားတဲ့သူတွေနဲ့  အပြစ်လုပ်ခဲ့တဲ့ သူတွေကို ကာကွယ်နေတဲ့ အတိုက်အခံတွေက ပိုများလာတယ်..
    • Thet Myaing ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေကလည်း တော့တော့ကို ဥနှောက်နည်းပြီး စောက်ရူးထတဲ့ကောင်တွေပါလား လို့ စဉ်းစားမိတော့မယ်။ မိန်းကလေးတယောက်က ပြောသမျှ လိုက်ဖမ်း၊ ညှင်းပမ်းနှိပ်စက်၊ ခေါင်းဖြတ်၊ ခြေဖြတ် လုပ်ခဲ့တယ် ဆိုတော့--- မိန်းကလေးတယောက်ရဲ့ စကားလုံးတွေ၊ လိမ်ညာမှုတွေ ၊ ဇာတ်လမ်းဆင်မှုတွေ အောက်မှာ ပြားပြားမှောက်ခဲ့တဲ့ ကောင်တွေ-- ဘယ်လိုလုပ် စစ်အစိုးကို တော်လှန်ကြမှာလဲ။ ဒီလောက် စဉ်းစားဥာဏ်မရှိတဲ့ကောင်တွေ၊ စောစောစီးစီးအဖွဲ့ဖျက်ပစ်လိုက်တာကမှ ဇာတ်သိမ်းကောင်းအုံးမယ်။ နန်းအောင်ထွေးကြည်က တော်တာလား။ မြောက်ပိုင်းကျောင်းသားခေါင်းဆောင်တွေက ချာတူးလန်တာလား။

  • Mahn Koko အပေါ်မှာ ကိုအောင်မိုးဝင်း ပြောသွားခဲ့သလိုပဲ ၊ တူရာတွေ စုနေကြတာ ခုလိုလာဖတ်ရင်းနဲ့ မျက်ဝါးထင်ထင် တွေ့ရလို့ စိတ်တော့ မကောင်းဘူးဗျာ ။ ဘာပဲဖြစ်ဖြစ် ဘေးလူအမြင် ဘယ်လိုရှိမလဲ သိကောင်း သိချင်ကြသူ အချို့ရှိမယ် ယူဆလို့ ခုနေ ခေါင်းထဲ ပေါ်လာသမျှ မှတ်ချက်နည်းနည်း ပေးကြည့်ပါမယ် ။

    (၁) အေဘီ လူဟောင်းတွေဟာ အသက် ၄၀ အောက် အင်မတန်ရှားမယ်လို့ နားလည်မိပါတယ် ။
    (၂) ခုကိစ္စကို ဖေါ်ထုတ်သူတွေအနေနဲ့ အာဏာရှိသူတွေ မဟုတ်တာကြောင့် မီဒီယာအားကိုယူပြီး ချပြဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ် ။
    (၃) အချက်လက်တွေကို ခံစားချက်တွေနဲ့ ငုံပြီး တင်ပြနေကြတယ် ။
    (၄) သိသူ ၊ ဆိုင်သူတွေအားလုံးက စုစည်းဖြေရှင်းနေတာ မဟုတ်ပဲ ၊ ကိုယ့်အစုနဲ့ကိုယ် ဇာတ်ကနေကြတယ် - စသည်ဖြင့် ဖြစ်နေတယ် ။

    အဲသည်ကမှ ထပ်ဆက်ရရင် -
    (၁) သည်ကိစ္စကို ဖေါ်ထုတ်ချိန်ဟာ အေဘီကနေ ပြည်တွင်းမှာ သွားဆွေးနွေးတော့မယ့် အချိန်မှာ ဖြစ်လာခဲ့ပါတယ် ။ ဖေါ်ထုတ်သူတွေကို ယုံကြည်ချင်ပါတယ် ။ သို့သော် ယုံကြည်မှုဆိုတာ အတင်းလုပ်ယူလို့ မရတာကြောင့် နောက်ထပ် နှစ်ပေါင်းအများကြီး ထပ်စောင့်ကြည့်ရပါတော့မယ် ။

    (၂) သည်ကိစ္စနဲ့ပတ်သက်ပြီး သံသယစကား ပြောမိသူ ၊ စကားမကျွံအောင် ထိန်းသိမ်းပြီး မျှတဖို့ မေးခွန်း ပြန်ထုတ်မိသူတွေကို ဝိုင်းအုံခဲကြပါတယ် ။ ခံစားချက်တွေကို စာနာလို့ ရပါတယ် ။ သို့သော် ဆိုင်သူရော မဆိုင်သူတွေပါ ပါလာတာကြောင့် ကိုယ့်လူ သူ့ဘက်သားတွေ ၊ အဆင်း ဘီးတပ်ဖို့ စောင့်နေသူတွေ ရှိနေခဲ့သလားဆိုတာ မေးစရာ ဖြစ်လာပါတယ် ။

    (၃) ဖေါ်ထုတ်သူလို့ နာမည်ခံသူအချို့ရဲ့ ပြောဆိုတင်ပြပုံတွေဟာ ခံစားချက်တွေနဲ့ ငုံပြီးပါလာတာ အများစုဖြစ်တာရယ်နဲ့ ၊ ဆတ်ဆတ်ထိ မခံတာတွေကလည်း ဘေးကကြည့်တဲ့လူတွေအဖို့ "အင်း.. တစ်ခုခုတော့ တစ်ခုခုပဲ"လို့ ထင်စရာတွေ ဖြစ်လာပါတယ် ။ သတိ မရှိကြတာလား ၊ သိလျက်နဲ့ မထူးဇာတ် ခင်းသလား ၊ မေးစရာတွေက ရှိလာတယ် ။

    (၄) စစ်ဆေးမှု ၊ သတ်ဖြတ်မှုနဲ့ အခြား အရေးပါတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ခဲ့ပြီး ၊ အသက်ရှင်လျက် ရှိနေကြသေးတဲ့ လူဟောင်းတွေကို ရှာဖွေဖေါ်ထုတ် ရင်ဆိုင်ကြဖို့ထက် ၊ အစွန်းထွက်လောက်ပဲ သက်ဆိုင်ပေမယ့် တာဝန်ခံပေးတဲ့ ကိုအောင်နိုင်တို့ ကိုမိုးသီးတို့ နောက်ကိုပဲ သဲကြီးမဲကြီး ဝိုင်းလိုက်လာကြချိန်မှာတော့ ၊ ဘေးက ကြည့်နေသူများအဖို့ "အင်း..သေတော့ သေချာနေပါပြီ" လို့ပဲ တစ်ထစ်ချ ပြောရတော့မယ့် အနေထားတွေ ဖြစ်လာပါတော့တယ် ။

    စာရင်းချုပ်ရင် တောင်စောင်းကနေ ကိုယ့်ဘာသာ လှိမ့်ချနေတဲ့ လူအချို့ကြောင့် အေဘီအဖွဲ့ပါ တအိအိနဲ့ လိမ့်ကျနေသလိုပါပဲ ။ ဒါတွေပြောလို့ အရင်လိုပဲ ဝိုင်းစိတ်ဆိုးလို့ ရပါတယ် ။ ဘယ်အဖွဲ့ဝင်မှ မဟုတ်သလို ၊ လူတစ်ဦးစီကိုလည်း လုပ်ဆောင်ချက်တွေကိုပဲ ကြည့်ပြီး အသံတိတ် တန်ဖိုးဖြတ်တတ်တဲ့ ကျနော့်အနေနဲ့ အားလုံးကို လက်ခံသွားမှာပါ ။